OK ဘယ်က စဖြစ်တာလဲ…???

March 4, 2010 at 5:39 pm 1 comment

OK ဘယ်က လာတာလဲ…

ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာသော သူများက OK စကားလုံးကို သုံးကြတယ်… OK ဆိုတဲ့အဓိပ္ပာယ် က “agreement” ဒါမှမဟုတ် “approval” လို့အဓိပ္ပာယ် ရတယ်… Chotaw လို့ ခေါ်တဲ့ Native American Indian လူမျိုးစု မှ ဆင်းသက်လာတယ်လို့ ဆိုကြတယ်… Chotaw စကားဖြစ်သော “okeh” အဓိပ္ပာယ် က အမေရိကန် စကားလုံး နဲ့ အဓိပ္ပာယ် တူတယ်… ၁၉ ရာစုနှစ်က “Choctaw” ဘာသာစကားကို အနောက်အမေရိကန် မှာသုံးစွဲ ခဲ့တယ် လို့ကျွမ်းကျင်သူများက ဆိုသည်။ အထက်ပါ အချက်နဲ့ ပတ်သတ်လို့ ယခုထိငြင်းခုံနေကြဆဲဖြစ်သည်။
ဘာသာစကားရေးရာကျွမ်းကျင်သူ Allen Walker Read ရေးသော “OK” အကြောင်းစာတမ်းကို ၁၉၆၀ ခုနှစ်ကထုတ်ဝေခဲ့သည်။ သူက ၁၈၃၀ နှစ်များဆီက တည်းက သုံးစွဲခဲ့သည်ဟုဆိုသည်။ “all correct” ကိုအတိုကောက်ရေးချင်းဖြစ်သည်ဟုဆိုသည်။ အချို့သော နိုင်ငံခြားသားများက “all correct” ကို “o-l-l k-o-r-r-e-c-t” ဟုရေးရာမှ “OK” ဟုဖြစ်လာသည်ဟုဆိုသည်။
အချို့သောသူများက မီးရထား အလုပ်သမား Obadiah Kelly ကတီထွင်ခဲ့သည်ဟုဆိုကြသည်။ သူ့နာမည် အတိုကောက်စာလုံးဖြစ်သော “O နှင့် K” ကို ရထားနှင့်ပို့ပေးသော သူ၏ ပစ္စည်းများပေးပို့ရာတွင် ရေးလေ့ ရှိသည်ဟုဆိုသည်။
အချို့သော သူများ ကတော့ နိုင်ငံရေးပါတီ တစ်ခုမှ တီထွင်ခဲ့သည်ဟုဆိုသည်။ ၁၈၄၀ ခုနှစ်က သမ္မတ Martin Van Buren ကိုထောက်ပံ့သော အဖွဲ့က သူတို့ အဖွဲ့ကို “OK club” ဟုခေါ်ဆိုခဲ့သည်။ Martin Van Buren မွေးဖွားရာဇာတိဖြစ်သော New York ပြည်နယ်၊ Old Kinderhook မှ “OK” ကိုယူထားချင်း ဖြစ်သည် ဟုဆိုသည်။ အဆိုပါ အချက်ကို မည်သူမျှ သဘော မတူခဲ့ကြသော်လည်း ကျွမ်းကျင်သူအချို့ က အဆိုပါစကားသည် အမေရိကန် စစ်စစ် စကားဖြစ်သည်ဟုဆိုကြသည်။ ထိုမှ တဆင့် တစ်ကမ္ဘာ လုံး နီးပါးသို့ ပျံ့နှံ့သွားခဲ့သည်ဟုဆိုသည်။
အခြားဖော်ပြချက်တစ်ခု မှာ “A-OK” ဖြစ်သည်။ အဓိပ္ပာယ်မှာ “Everything is fine” ဖြစ်သည်။ အာကာသ ခေတ်စကားဖြစ်သည်ဟုဆိုသည်။ ၁၉၆၁ ခုနှစ်တွင် “Astronaut Alan Shepard” ကစတင်သုံးခဲ့ခြင်းဖြစ်သည်။ သူသည် အာကာသထဲ သို့ ပထမဆုံးသွားရောက်သော အမေရိကန်လူမျိုးဖြစ်သည်။ သူက အစီအစဉ်အတိုင်း သမုဒ္ဒရာအတွင်းသို့ ဆင်းသက်နိုင်ခဲ့ခြင်းကို “Everything is A-OK” ဟု သတင်းပို့ခဲ့သည်။ အချို့သော ကျွမ်းကျင်သူများကတော့ ထိုမှ ဆင်းသက်လာခြင်းမဟုတ်ဟုဆိုသည်။ တယ်လီဖုန်းစတင် အသုံးပြုသောခေတ်များဆီက တယ်လီဖုန်းအော်ပရေတာ က လက်ခံရှိခဲ့သော သတင်းစကားဖြစ်သည်ဟုဆိုသည်။
အချို့သောသူများက “OK” အား “okey-dokey” သို့မဟုတ် “okey-doke” ဟုလည်း သုံးနှုံးကြသည်။ ၁၉၃၀ ခုနှစ်များက စတင်သုံးစွဲခဲ့ကြသည်ဟုဆိုသည်။ ယနေ့ခတ် တွင် အမေရိကန် တီဗွီအစီအစဉ်တစ်ခုဖြစ်သော “The Simpsons” မှသရုပ်ဆောင်တစ်ယောက်က “okely-dokely” ဟုသုံးခဲ့သည်။

အသေးစိတ်ကို ဒီမှာ ဖတ်ပါ…

Entry filed under: Knowledge. Tags: .

“နောက်ဆက်တွဲတွေကိုကြိုက်သလိုသာမီးတောက်ပေတော့…” ဘယ်သူကဘာပြောလို့လဲ

1 Comment Add your own

  • 1. tin min htet  |  March 8, 2010 at 3:10 pm

    လာဖတ်ပါတယ် မငုဝါ။ လင့်ခ်လည်း ယူသွားပါတယ်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Calendar

March 2010
M T W T F S S
« Jan    
1234567
891011121314
15161718192021
22232425262728
293031  

Most Recent Posts


Follow

Get every new post delivered to your Inbox.