ဘယ်သူကဘာပြောလို့လဲ
March 4, 2010 at 5:50 pm 2 comments
ဘယ်သူကဘာပြောလို့လဲ
တကယ်တော့ ဒီနေ့ဟာလပြည့်နေ့
ကျွန်တော်တစ်ယောက်တည်း
စိတ်ကူးနဲ့တောင်ပေါ်တက်ဖို့ခေါ်လိုက်တယ်။
စေတီခြေရင်းမှာ တကိုယ်တည်းစခန်းသွင်း
ခပ်ငယ်ငယ်ကအတွေးမျိုးနဲ့
ဤသို့သော သစ်ခက်သစ်လက်မျိုးများကို ချိုးပြီးသောအခါ
ပဒေသာပင်တွေမရှိတော့ဘူးဆိုပြီး…..နောက်ကြောင်းပြန်လှည့်သွားပုံများ
ပရောပါဂန်ဒါတွေဟာ အစီအရီထွက်ကျလာ
လာမယ့် နှစ်ပေါင်း ၄၀၊
လာမယ့် လပေါင်း ၄၀၊
လာမယ့် ရက်ပေါင်း ၄၀၊
စိတ်ကူး အလေးဆဟာ
မသေချာသောအရပ်ကို သံလိုက်အိမ်မြှောင်လို သေချာနေတယ်
အခုအချိန်မှာ ဘာလိုပါသလဲ…..
သီးခံခြင်းပါ ဘုရား။
အခုချိန်မှာ ဘာလုပ်ရမလဲ
ရှေ့တဖြေးဖြေးတိုးခြင်းပါ ဘုရား။
အခုချိန်မှာ ဘာတွေးရမလဲ
၂၀၁၀ရဲ့ လူနေညများကိုတွေးရပါမယ် ဘုရား…..။
ကလေးဆန်လွန်းတဲ့ အရပ်မှာ
ကိုယ်တိုင်ရေးပုံတူဆိုတာလည်း သံလျက်ကြီးကိုင်ထားလို့ပါလား
အခုဘဲ ကြော်ငြာပြီးသွားပြီ……
မကြာခင်အချိန်အတွင်းမှာ လူကျွံဘောများကို
ဆက်လက်ဖမ်းယူတော့မှာဖြစ်ပါတယ်…..။
ဒါပေမယ့်
ဒီနေ့ညလသာကြောင်း အနည်းဆုံးအသိနဲ့ ကျွန်တော်သိပါတယ်။ ။
စိမ်းခက်စိုး
(Sun) October 4, 2009
12:12 AM.
1.
exitofmymind | March 5, 2010 at 3:52 am
ဟီး…ဖတ်တော့ ဖတ်သွားတာပဲ။ ဒါပေမဲ..မော်ဒန် ဆန်လွန်သွားတာလား မသိဘူး ။း)
2.
tin min htet | April 20, 2010 at 2:34 pm
ကဗျာတွေ စာတွေ လာဖတ် သွားပါတယ် … ။