“အဘိုကြီးအို လေးဆိုတဲ့ သီချင်း”

January 28, 2010 at 4:39 pm 4 comments

“အဘိုကြီးအို လေးဆိုတဲ့ သီချင်း”

မှော်ဆရာတစ်သင်းလုံးကို၊

ငါ့ရင်ဘတ်မှသိမ်းကြုံးတည့်၊

အဲဒီညကိုကျဲပက်လိုက်တယ်…..

နင်နဲ့ တွဲကမယ့် အိပ်မက်ရှည်ရှည်ပေါ့

လာလေရော့………။

အဲလိုဆိုလိုက်တော့

ဂစ်တာလေးဟာ ပျော်ရွှင်လာပါလေရော

ဒီတောမှာ

ဒီသဘောတွေရှိပါတယ်လို့

နင်ပဲပြောခဲ့တယ်။

နင်ပဲဟောခဲ့တယ်။

နင်ပဲသင်ပေးခဲ့တယ်။

အခုကျ…နင်ပဲဘေးမဲ့ပြန်လွှတ်ခဲ့ပြန်တယ်။

ငါ့မလဲ နင့်အကြောင်းမပါရင် ကဗျာမဖြစ်…

စစ်အတွင်းက ထမင်းခြောက်တွေလို

ကျည်ဆန်တွေနဲ့အတူမြိုချခဲ့ရ…….။

မှော်ဆရာတစ်သင်းလုံးက ငါ့ကို

ပြန်စစ်ခင်းတယ်…

ငါ့….ကိုယ်ငါပြန်ကယ်မယ်အထင်နဲ့တော့

နင်ငါ့ကိုစစ်မခင်းပါနဲ့….ကောင်မလေး

ငါဆိုတဲ့ကောင်လေးက

နင့်…မျက်ဝန်းစင်းစင်းလေးမှာ တစ်ဘဝ

နင့်…ချည်သားဝတ်စုံလေးမှာ တစ်ဘဝ

နင့်…ရုံးသွားစက်ဘီးလေးမှာ တစ်ဘဝ

အထပ်ထပ်အလျားလျား သံသရာရှည်လာသူပါဟ…။

လက်သီးကျစ် ဖနောင့်စောင့်လို့

အံကျိတ်ရွတ်လိုက်တဲ့ ဂါထာမှာလည်း

အဲဒါတွေပဲ ကပ်ပါလာတယ်..

နင် သိပ်လှလှလာတယ်ကောင်မလေးရယ်….တဲ့။              ။

စိမ်းခက်စိုး

(ကြာသာပတေး) ဇန်နဝါရီ ၂၈၊ ၂၀၁၀။

၀၇း ၄၉နာရီ

Advertisement

Entry filed under: Uncategorized. Tags: .

အမှောင်ထဲကထွက်လာတဲ့နွေဦး…. “နောက်ဆက်တွဲတွေကိုကြိုက်သလိုသာမီးတောက်ပေတော့…”

4 Comments Add your own

  • 1. exitofmymind  |  January 29, 2010 at 4:03 am

    နင်သိပ်လှတယ် ပြောဖို့ ကို များ…ဒိလောက် နိဒါန်းချဲ့နေရသလား။။။ ဒိတိုင်းပြောလိုက်ရင် ပြီးသားနဲ့။

    Reply
  • 2. exitofmymind  |  January 29, 2010 at 4:04 am

    စတာနော် …ချိတ်ချိုးရဘူး။။။

    Reply
  • 3. ဂျေဂျူဝိုင်  |  January 31, 2010 at 1:32 pm

    နင့်…မျက်ဝန်းစင်းစင်းလေးမှာ တစ်ဘဝ

    နင့်…ချည်သားဝတ်စုံလေးမှာ တစ်ဘဝ

    နင့်…ရုံးသွားစက်ဘီးလေးမှာ တစ်ဘဝ

    Reply
  • 4. tin min htet  |  February 24, 2010 at 8:07 am

    စိမ်းခက်စိုး ကဗျာတပုဒ်ကို ကောင်းကင်မှာ ဖတ်မိတာနဲ့ သူ့ကဗျာတွေ လိုက်ရှာရင်း ရောက်လာပါတယ်။ အစနားမှာ တင်ထားတဲ့ ပျံသန်းနိုင်တဲ့တနေ့မှာ .. ဆိုတဲ့ ကဗျာကို အကြိုက်ဆုံးပါပဲ။

    ညီမ ဘလော့ဂ်က သပ်သပ်ရပ်ရပ် ရှိပါတယ်။ ကျောင်းအတွေ့အကြုံလေးတွေ ရေးရင် စိတ်ဝင်စား စရာကောင်းမယ် ထင်တယ်။

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Calendar

January 2010
M T W T F S S
« Dec   Mar »
 123
45678910
11121314151617
18192021222324
25262728293031

Most Recent Posts


Follow

Get every new post delivered to your Inbox.