Archive for January 20, 2010
ငါ့ကိုဂျင်းပင်လေးပဲပေးပါ
ငါ့ကိုဂျင်းပင်လေးပဲပေးပါ
တိတ်တိတ်နေတာတွေကြာခဲ့တော့
နင်ထင်လေဦးမယ်…
ငါကဗျာတွေမရေးတော့ဘူးရယ်လို့…..။
လောကဓံကွင်းထဲမှာ
နွားရိုင်း၁၀၀၀နဲ့ ပတ်ပြေးနေရသူလို
တခါတလေ ကဗျာတွေကရင်ဘတ်ထဲမှာပဲ
ပွင့်ဝေမွှေးမြကြွေကြနေတတ်တယ်လေ။
ငါ့ကို ဂျင်းပင်တစ်ထည်ဘဲပေးပါ
ခံနိုင်ရည်ကို ဒါနဲ့ဘဲပြန်မြှူဆွယ်နေချင်မိမိ
ပြောမရတဲ့အဆုံး
လေပြင်းတွေကိုလည်းမုန်းတယ်။ လေညှင်းတွေကိုလည်းမုန်းတယ်။
စောင်းကြိုးညှင်းတီး မစီးဖြန်းချင်တော့ဘူး
ကာလပေါ်သီချင်းမှာ
အာသီသဟောင်းတွေအပင်းသွင်း
“လူ”ဖြစ်ချင်းဟာ လျော့ရဲလာလိုက်တာလေ….
နားအစစ်တွေ၊ ရင်ဘတ်အမှန်တွေဆီ
ငါ…ပစ်ကန်သွင်းချင်နေတာ
ကဗျာပါပဲ…ညီမငယ်ရေ။
ဘဝမှာ
ဒီလိုနေ့တွေကြုံဖို့ ဆုံဖို့
နင့်အကို ဘာယတြာမှ မချေခဲ့မိပါလေ…
ဒီလိုနဲ့ ငါဆက်လက်တိတ်ဆိတ်နေလိုက်မိတာပါ…
အမြတ်အစွန်းကတော့ ကြီးမားထွားကြိုင်းနေဆဲဟ…။ ။
စိမ်းခက်စိုး
(Mon) Jan 18, 2010