ရယ်ရမလား ငိုရမလား….

November 21, 2009 at 4:52 am 3 comments

ရယ်ရမလား ငိုရမလား
မနေ့က ကျောင်းကို သွားတော့ ကျောင်းက canteen မှာလုပ်နေတဲ့ အစ်မတစ်ယောက် က အကူအညီတောင်းလာတယ်…. သူ့တို့ ဖြည့်ရမယ့် form မှာကူဖြည့်ပေးဖို့… ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေဖြည့်ရမှာပေါ့… ဒါနဲ့ ဒီမနက် သူ့ဆီကိုသွားတယ်… သူယူလာပေးတဲ့ form ကိုစကြည့်ပြီးဖြည့်တာမှာ ပြသနာက စပါလေရော… မွေးသက္ကရာဇ် ကိုမေးတော့ မသိဘူးတဲ့… မြန်မာသက္ကရာဇ် ပဲသိတယ်တဲ့… အမ မွေးနေ့လေ အမရ.. လို့ ပြောတော့…. အဖိတ်နေ့တဲ့… သောကြာ နေ့ တဲ့… ငါထိုင်းလိုပဲ သိတယ်တဲ့… ထိုင်းလိုကနေ အင်္ဂလိပ်လို ပြန်ပြောင်းလိုက်မယ်ဆိုပြီး ထိုင်း လို ပြောဆိုတော့ ရက်ပဲ သိတယ်… လ ကိုမပြောတတ်ဘူး… ကဲထားတော့ လို့ ငုဝါ သူငယ်ချင်းကိုမေးပြီးဖြည့်ပေးမယ်ဆိုပြီး… ဆက်ဖြည့်ရင်းနဲ့ သွေးအုပ်စု ဆိုတော့ မရှိ တဲ့… ဟာ ဘယ်နှယ့်မရှိရမှာလဲ အမ သွေးအမျိုးအစားလေ.. A, B, AB, O ဆိုပြီးရှိတယ်ဘာလဲလို့မေးတော့ သူ့အဖြေက “ ငါ ထိုင်းသွေးပဲ သိတယ်.. မြန်မာ သွေးမသိဘူး” တဲ့… ကောင်းရော.. နင်သွားတာပဲ ဘာဆက်ပြောရမှန်းမသိဖြစ်သွားတယ်… အမ သွေးကလဲလို့မရဘူးလေ… ပြော အဲဒီ့သွေးဆိုတော့ နေ အုံးသွားမေးကြည့်လိုက်မယ်ဆိုပြီး “O” သွေးဆိုပြီးလာပြောတယ်…. အသက်က ဘယ်လောက်ရှိပြီလဲဆိုတော့ ၂၃ တဲ့.. စိတ်မကောင်းဘူး တကယ်ပဲ.. ငုဝါ ထက်ငယ်တယ်… သူက ၃ နှစ်ငယ်တယ်… ငုဝါ က စိတ်တော်တော်ညစ်နေတဲ့ အချိန်မှာ သူ နဲ့ စကားပြောလိုက်တဲ့ အချိန်မှာ… ငါ အတော်ကြီး ကံကောင်းပါ လားလို့… လဲ တွေးမိသလို… ငါ့တို့ မြန်မာလူမျိုးတွေ ဘ၀ က ဘယ်ဆီဘယ်ဝယ်… ရင်နာတယ်… စကားပြောလိုက် မေးလိုက်ရယ်လိုက်နဲ့.. မျက်ရည် ကျ လာတယ်… ရယ် ရလို့လား.. စိတ်မကောင်းလို့လား.. ကိုယ့်ကိုကိုယ် မဝေခွဲတတ်ဘူး…

Advertisement

Entry filed under: Uncategorized. Tags: .

Current… သမီးပြန်ရောက်ခဲ့ပါပြီ…

3 Comments Add your own

  • 1. leo  |  November 28, 2009 at 4:15 am

    သြော်ဒုက္ခ…း)

    Reply
  • 2. အင်ကြင်း  |  November 29, 2009 at 11:36 am

    ငုဝါ…..သယ်ရင်း…..စာတွေလာဖတ်တယ်၊ ဆီဘုံးမထားဘူးလား…..အော်ချင်တာအော်လို့ရအောင်လေ :D

    Reply
  • 3. Su Nandar Tun  |  December 31, 2009 at 8:31 am

    ဟုတ်တယ် ညီမလေးရေး တခေါက် သွားကူလုပ်ပေးပါတယ်တိုင်ပတ်တော့တာပဲ. သိလား သနားလည်းသနားပါတယ်. ကိုယ်က သာ ကိုယ့်ဘ၀ကို တော်တော်ဆိုးပြီးထင်နေတာ တကယ်ရင်ထဲကိုထိတယ် ဘာလုပ်ပေး၇မှာလည်းအဲဒါကို

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Trackback this post  |  Subscribe to the comments via RSS Feed


Calendar

November 2009
M T W T F S S
« Oct   Dec »
 1
2345678
9101112131415
16171819202122
23242526272829
30  

Most Recent Posts


Follow

Get every new post delivered to your Inbox.