Archive for November, 2009
ရယ်ရမလား ငိုရမလား….
ရယ်ရမလား ငိုရမလား
မနေ့က ကျောင်းကို သွားတော့ ကျောင်းက canteen မှာလုပ်နေတဲ့ အစ်မတစ်ယောက် က အကူအညီတောင်းလာတယ်…. သူ့တို့ ဖြည့်ရမယ့် form မှာကူဖြည့်ပေးဖို့… ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေဖြည့်ရမှာပေါ့… ဒါနဲ့ ဒီမနက် သူ့ဆီကိုသွားတယ်… သူယူလာပေးတဲ့ form ကိုစကြည့်ပြီးဖြည့်တာမှာ ပြသနာက စပါလေရော… မွေးသက္ကရာဇ် ကိုမေးတော့ မသိဘူးတဲ့… မြန်မာသက္ကရာဇ် ပဲသိတယ်တဲ့… အမ မွေးနေ့လေ အမရ.. လို့ ပြောတော့…. အဖိတ်နေ့တဲ့… သောကြာ နေ့ တဲ့… ငါထိုင်းလိုပဲ သိတယ်တဲ့… ထိုင်းလိုကနေ အင်္ဂလိပ်လို ပြန်ပြောင်းလိုက်မယ်ဆိုပြီး ထိုင်း လို ပြောဆိုတော့ ရက်ပဲ သိတယ်… လ ကိုမပြောတတ်ဘူး… ကဲထားတော့ လို့ ငုဝါ သူငယ်ချင်းကိုမေးပြီးဖြည့်ပေးမယ်ဆိုပြီး… ဆက်ဖြည့်ရင်းနဲ့ သွေးအုပ်စု ဆိုတော့ မရှိ တဲ့… ဟာ ဘယ်နှယ့်မရှိရမှာလဲ အမ သွေးအမျိုးအစားလေ.. A, B, AB, O ဆိုပြီးရှိတယ်ဘာလဲလို့မေးတော့ သူ့အဖြေက “ ငါ ထိုင်းသွေးပဲ သိတယ်.. မြန်မာ သွေးမသိဘူး” တဲ့… ကောင်းရော.. နင်သွားတာပဲ ဘာဆက်ပြောရမှန်းမသိဖြစ်သွားတယ်… အမ သွေးကလဲလို့မရဘူးလေ… ပြော အဲဒီ့သွေးဆိုတော့ နေ အုံးသွားမေးကြည့်လိုက်မယ်ဆိုပြီး “O” သွေးဆိုပြီးလာပြောတယ်…. အသက်က ဘယ်လောက်ရှိပြီလဲဆိုတော့ ၂၃ တဲ့.. စိတ်မကောင်းဘူး တကယ်ပဲ.. ငုဝါ ထက်ငယ်တယ်… သူက ၃ နှစ်ငယ်တယ်… ငုဝါ က စိတ်တော်တော်ညစ်နေတဲ့ အချိန်မှာ သူ နဲ့ စကားပြောလိုက်တဲ့ အချိန်မှာ… ငါ အတော်ကြီး ကံကောင်းပါ လားလို့… လဲ တွေးမိသလို… ငါ့တို့ မြန်မာလူမျိုးတွေ ဘ၀ က ဘယ်ဆီဘယ်ဝယ်… ရင်နာတယ်… စကားပြောလိုက် မေးလိုက်ရယ်လိုက်နဲ့.. မျက်ရည် ကျ လာတယ်… ရယ် ရလို့လား.. စိတ်မကောင်းလို့လား.. ကိုယ့်ကိုကိုယ် မဝေခွဲတတ်ဘူး…
Current…
Current…
အခုတစ်လော ကံမကောင်းဘူး… နိုဝင်ဘာလ ပေါ့…. လ အစတည်းက ဖြစ်ပျက်နေတာများ…. ပိုက်ဆံ လုံးဝပြတ်သွားတယ်…. နောက် ခွေးကိုက်ခံရတယ်… တော်သေးတယ် foundation က လိုက်လာပြီး ပိုက်ဆံရှင်းပေးလို့… နောက် သုံးရက်ပဲ ကြာတယ်… ကိုယ့်ဖာသာ ရပ်နေတုန်း ဆိုင်ကယ်က လာရပ်တာ ခြေ သလုံးမှာ အပူလောင်သွားတယ်…. တစ်ခု မှ အဆင်မပြေ… သူငယ်ချင်းတစ်ယောက်ကတော့ပြောတယ်…. အကုသိုလ်တွေ ဘယ်လောက်တောင် လုပ်ထားလဲတဲ့…:(…
နောက်တစ်ခု က အခုပြောပြချင်တာ က အခုဆို ရင် ကျောင်းလျှောက် တဲ့အချိန်ရောက်လာပြီ ဆိုတော့ scholarship နဲ့ပတ်သတ်တာတွေ သူငယ်ချင်းတွေကို အကြောင်းကြားပေးတယ်…. မေးလာရင်လဲဖြေပေးတယ်… အဲဒီမှာ တွေ့တာက ကျောင်းလျှောက်ချင် လှပါချည်ရဲ့ ဆိုတဲ့သူတွေ တစ်ယောက်မှ ကြေငြာ စာတွေ ကိုသေချာ ဖတ်တာ မတွေ့ရဘူး… သူတို့ မေးလိုက်သမျှ က အဲဒီ့ကြေငြာ စာမှာ ပါပြီးသားတွေ… နောက်ပြီး လျှောက်ချင်တာပဲ သိတယ်… ဘာမှ မသေချာဘူး… ကိုယ်ဘာကို စိတ်ဝင်စားတာလဲ… ကိုယ်နဲ့ဘယ်ဘာသာရပ်က သင့်တော်လဲ.. ကိုယ့်အခြေအနေ က ဘယ်လိုလဲ… စသဖြင့် သိထားရမယ်… ငါဘာလျှောက်ရမလဲ ဆိုတာ မေးလာတာရှိသေးတယ်…. ဖြေ ရင်းနဲ့စိတ်မရှည်ချင်တော့ဘူး… ကိုယ့်ဖာသာ သေချာရဲ့လား… ကိုယ်ဘာလုပ် ချင်တာလဲဆိုတာလည်းသေချာမသိကြဘူး… သေချာ ဖတ်ပြီးပြီလား လို့မေးတော့လည်း နင်ကမဖြေချင်ဘူးလားတို့… မသိလို့မေးတာ ကို… ဖြေချင်သလို မဖြေ ချင်သလို လုပ်နေတယ်တို့ ဖြစ်လာရော… ဘယ်နှယ့်လုပ်ရပါ့…
နောက် အက သင်တာ… စာတွေ ဒီလောက်တတ်ပြီး ဒါလေးတောင် သေချာ မက တတ်ဘူးလားတဲ့… စာ က အခြေခံ သင်ယူလာတာ နည်းတဲ့နှစ်တွေမှာ မဟုတ်တာကိုး… လွယ်တာပေါ့… အက သင်တာက တစ်လ ထဲမှာ စနေ တနင်္ဂနွေ လောက်ပဲ သင်ရတာလေ… တစ်ပတ် နှစ်ရက်… တစ်ရက်မှာ နှစ်နာရီလောက်ပဲ… နောက်ပြီး အိမ်မှာ ပြန်ကျင့်တာပဲ… ကြည့်ပေးမယ့်သူမရှိတော့ အချိုးကျမ ကျ မသိဘူးပေါ့… အကောင်းဆုံးတော့လုပ်နေပါတယ်….. ဆင်ခြေ ပေးမိတယ် ဆိုတာကလည်း စိတ်မွန်းကြပ်လို့ပါ….
ဘာပဲဖြစ်ဖြစ်… ကိုယ်အကောင်းဆုံးလုပ်မှာပါ… လုပ်လဲလုပ်နေပါတယ်…. အကောင်းဆုံးလဲလုပ်ခဲ့ပါတယ်….
ဘာပဲဖြစ်နေ ဖြစ်နေ.. လျှောက်မိပြီဆို မှ လုံးဝ နောက်မဆုတ်ဘူး….
Upside Down
Where to use this tool ?
- IM, MSN, Yahoo screen names
- Put it in your profiles like MySpace, Bebo, Hi5 ,Facebook, Youtube
- create strong passwords
- encrypt your download links to prevent leechers
- freak your friends
BELIEVE IN YOUR DREAMS
Believe in yourself; Get to know yourself what you can do and
what you cannot do for only you can make your life happy
Believe in work, learning and achieving as a way of reaching
your goals and being successful
Believe in creativity as a means of expressing your true feelings and
as a way of being spontaneous
Believe in appreciating life. Be sure to have fun every day and
to enjoy the beauty in the world
Believe in loving. Love your friends, love your family love yourself,
and love your life
Believe in long-term relationships. Be sure the people are worthy of
your love and be very honest with them
Believe in your dreams and your dreams can become a reality
~Susan Polis Schutz
ငိုရသော ဟာသများ
(၁) အောက်တိုဘာလ တစ်ညနေ ကျောင်းထဲ က ရေကန် ကို သွားမယ်လို့ တွေးပြီးထွက်လာခဲ့တယ်.. အေးဆေးပေါ့… လေကောင်းလေသန့်လေး ရှုရင်းဆိုပြီး…. စက်ဘီးလေးနဲ့ပေါ့…. စီးနေရင်း နဲ့စက်ဘီးက နှေးလာတယ်…. ကုန်းဆင်းမှာ တုန့်ခနဲ့ ဖြစ်သွားတယ်… ဒါပေမဲ့ စက်စီးလို့ ရတော့ စီးနေတာပေါ့… တစ်နေရာ ရောက်တော့ ထိုးရပ်ပါလေရော…. ဘာဖြစ်တာလဲလို့ ကြည့်လိုက်တော့… ၀တ်လာတဲ့ စကဒ်က နောက်ဘရိတ် မှာသွားညိနေတာကိုး…. ဖြစ်ရလေ ဆိုပြီး ဆွဲထုတ်… ဆွဲနေရင်းနဲ့ ကျောင်းသူ ကျောင်သား တွေ ဖြတ်သွား ရင်းမြင်တော့ ရယ်ကြတယ်… စိတ်ညစ်လိုက်တာနော်… ဖြစ်ချင်ရင်ဖြစ်ဆိုပြီး ဇွတ်ကို ဆွဲထုတ်လိုက်တော့မှ… အဆင်ပြေသွားတော့တယ်… အင်း…. မြင်ရတဲ့သူတွေအတွက် ကတော့ရယ်စရာပေါ့…
(၂) ဒုတိယနှစ်ဝက်မှာ ယူရတဲ့ဘာသာနည်းပေမဲ့ နည်းနည်းပိုခက်သလိုပဲ…. တစ်ရက်က Term paper အတွက် စာလုပ်နေရင်း အပြန်နောက်ကျသွားတယ်… စက်ဘီးက ပျက်နေလို့ မပါလာဘူး… Monthly Allowance နောက်ကျတော့ ပိုက်ဆံက နှစ်ဆယ်ပဲကျန်တော့တယ်… ပြန်နေကျ လမ်းဆိုတော့ အေးဆေး လမ်းလျှောက်ပြန်လာတာပေါ့…. လျှောက်နေရင်း နဲ့ ခွေး သုံးကောင် ပြေးလာပြီ တစ်ကောင်က ခြေသလုံးကို ကိုက်လိုက်တယ်… ရှောင်ပေမဲ့မ မှီလိုက်ဘူး… ကြောက်ကလည်းကြောက် နဲ့ ဆိုတော့ ချက်ချင်းနာလာတယ်… အိမ်ခန်း ကလည်းရောက်ဖို့လိုသေးတော့ စိတ်ကို တင်းပြီးလျှောက်လာရတယ်…. လျှောက်နေရင်း က ပါလာတဲ့ရေဘူးနဲ့ ရေဆေးလိုက်တယ်… သိသိသာသာ ညိုမည်းပြီးရောင်လာတယ်…. နောက်နေ့မနက် ဆေးခန်း သွားတော့ ဆေးရုံကို လွှဲလိုက်တယ်… ဆေးရုံ မှာ မေးလိုက်တဲ့မေးခွန်းတွေက… စုံနေတာပဲ… ခွေးကို တစ်ခုခု သွားလုပ်လိုက်လားတဲ့… သာမန် အားဖြင့်မကိုက်တတ်ဘူးတဲ့… လုပ်ဖို့ နေနေသာသာ … ကြောက်လွန်းလို့ ခွေးဆို…. အနားတောင် ကပ်တာမဟုတ်ဘူး…. ကြားတဲ့ သူတွေက ရယ်ကြတာကြည့်ပဲ… ကျမတော့ ငိုရတာ… ဆေးရုံမှာ Insurance Card က သုံးလို့မရဘူးတဲ့… Foundation ကိုဖုန်းဆက်တော့ ဖုန်းကဒ် က ကုန်နေပြီ… အားးးးးးးး…. ဘဏ်ထဲကဒ်နဲ့ စစ်ကြည့်လိုက်တော့ ပိုက်ဆံက မ၀င်သေးဘူး…. ကံကပြန်ကောင်းချင်တော့ ပိုက်ဆံနည်းနည်းလေး ကျန်တာနဲ့ အမ တစ်ယောက်ကို Message ပို့လိုက်တော့ သူက ပြန်ခေါ်တာနဲ့ အကြောင်းစုံပြောပြလိုက်တယ်… သူ က Foundation ကိုဖုန်းဆက်အကျိုးအကြောင်းပြောပြတော့ Coordinator က လိုက်လာပြီး အကုန်လုပ်ပေးသွားတယ်… ပြီးတာနဲ့ စပါလေရော.. မဟာ စွန့်စားခန်း… ဆေးထိုးရတော့တာပဲ… အနာပတ်ပတ်လည် ကိုထိုးတာ နာလိုက်တာ… တစ်နေ့တည်း ခုနှစ်လုံး ထိုးရတယ်… နောက် ခွေးရူးရောဂါ ကာကွယ် ဆေးက ငါးလုံးထိုးရမယ်တဲ့…. Period အလိုက်သွားမယ်တဲ့… အပတ်တိုင်းသွားထိုးရမယ်….. ခွေးကိုက်ခံရပါတယ်ဆိုမှ နင်ကလည်း ဘယ်လို သွားလဲတဲ့… မေးကြတယ်… ဘယ်သူက အကိုက်ခံချင်မှာလဲ… ရယ်ကြတဲ့ သူတွေတော့ အတော်ရယ် ရတဲ့ ပုံပါပဲ…. ကိုယ်တော့ ငိုရတာပေါ့…